လ - ဧပြီ 2021

အနာရောဂါငြိမ်းစေသောသစ်ပင်

McLaren 720S ပြိုင်ကားအသစ်တစီးကို ဒေါ်လာ ၃ သိန်းဖြင့် ဝယ်စီးနိုင်သည်။ ထိုကား၏ V8 အင်ဂျင်စက်သည် မြင်းကောင်ရေ ၇၁၀ အားရှိသည်။ နံနက်ခင်း အလုပ်သွားရန် လိုအပ်သည့် စွမ်းအင်ထက်များစွာ ပိုလျှံနေသည်။

သင်သည် သေချာပေါက် ထိုအင်ဂျင်၏စွမ်းအင်အားလုံးကို အသုံးပြုချင်စိတ် ပေါက်ပေလိမ့်မည်။ ဗာဂျီးနီးယားနယ်သားတစ်ဉီးမှာမူ သူ၏ McLaren ပြိုင်ကား သည် အလွန်"မြန်"သောကြောင့် သားနားသော ကားအရောင်းပြခန်းမှ ကားသင်္ချိုင်းသို့ ၂၄ နာရီအတွင်း ရောက်သွားကြောင်း သင်ခန်းစာရခဲ့သည်။ သူသည် ကားဝယ်ပြီး နောက်တစ်ရက်တွင် ထိုကားနှင့်သစ်ပင်ကို ဝင်တိုက်ခဲ့မိ သည်။ (ကျေးဇူးတော်ကြောင့် သူ အသက်မသေခဲ့ပါ။)

သမ္မာကျမ်းစာ၏တတိယအခန်းကြီးတွင် ဆိုးဝါးသည့် ရွေးချယ်မှုနှင့် အပင် တစ်ပင်က ဘုရားသခင်၏ကောင်းသောဖန်ဆင်းခြင်းကို မည်ကဲ့သို့ စွန်းထင်းသွား စေသည်ကို ကျွန်ုပ်တို့သိရသည်။ အာဒံနှင့်ဧဝသည် သူတို့ရှောင်ကြဥ်ရမည့် တစ်ပင်တည်းသောအပင်မှအသီးကို စားခဲ့သည် (က…

ဘုရားသခင်နှင့်အတူ ပို၍ကောင်းမွန်စေခြင်း

ကျွန်မ၏မြေးမလေးသည် သူမ၏ကောလိပ်ဘော်လီဘောအသင်းမှ အောင်ပွဲရ သဘောတရားတစ်ခုကို သင်ယူခဲ့မိသည်။ ဘောလုံး သူထံရောက်လာလျှင် မည်သို့ ပင် ဖြစ်နေပါစေ၊ သူမသည် "ဘောလုံးကို သာ၍ကောင်းစွာ ထိန်းကစားနိုင်" သည်။ အမျက်ထွက်ခြင်း၊ အပြစ်တင်ခြင်း၊ ဆင်ခြေပေးခြင်းမပြုဘဲ သူ့အသင်းသားများ အတွက် ပိုမိုကောင်းမွန်သော ကစားပွဲအနေအထားနှင့် ကစားကွက်ကို ဖန်တီး နိုင်သည်။ လက်ရှိအခြေအနေထက်ပို ကောင်းမွန်စေရန် အမြဲလုပ်ဆောင်သည်။

ဒံယေလနှင့်သူ၏ ဟေဗြဲလူမျိုး သူငယ်ချင်း ၃ ဦးတို့အား ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ က ဖမ်းဆီးခေါ်‌ဆောင်သွားသည့်အခါ ဒံယေလသည် အထက်ပါ အတိုင်း တုံ့ပြန်ခဲ့သည်။ သူတို့၏အမည်ကိုပြောင်းပြီး ဒိဠိနာမည်ပေးခံခဲ့ရကာ ရန်သူ၏နန်းတော်၌ "၃ နှစ်တာ ပညာဆည်းပူးရန်" အမိန့်ကျလာသော်လည်း ဒံယေလ အမျက်မထွက်ခဲ့ပါ။ သို့‌သော် ဘုရားသခင်၏ရှေ့မှောက်၌ သူ့ကိုယ်ကို မညစ်ညူးစေရန် ရှင်ဘုရင်၏ပွဲတော်မှအစာနှင့် စပျစ်ရည်ကို မစားသောက်ရန် ခွင့်တောင်းခဲ့သည်။ ဤစိတ်ဝင်စားဖွယ် သမ္မာကျမ်းစာဖြစ်ရပ်တွင်…

အမြင်သစ်ဖြင့် ကြည့်ရှုခြင်း

ဗီဒီယိုဂိမ်း တစ်ခုတွင် ပါဝင်ကစားသူ ဦးရေ ၁၀၀ ကို အွန်လိုင်း ကျွန်းတစ်ခုပေါ်တွင် ရှိစေပြီး ကစားသူတစ်ဦးတည်းသာ ကျန်သည်အထိ ယှဥ်ပြိုင်စေသည်။ ကစားသူ တစ်ဦးက သင့်အား အနိုင်ယူလိုက်သည့်အခါတိုင်းတွင် သင်သည် ထိုသူ၏ ရှုထောင့်မှ နေ၍ ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနိုင်သည်။ သတင်းသမားတစ်ဦး ရေးသားခဲ့သလိုပင် "အခြားကစားသူတစ်ဦး၏နေရာကိုဝင်ယူပြီး သူတို့၏ရှုထောင့် တွင် နေကြည့်သောအခါ စိတ်ခံစားချက်အမြင်သည် မိမိအကျိုးအတွက် လုပ်ဆောင် ခြင်းမှ အဖွဲ့အတွက် စိတ်ဝင်စားခြင်းသို့ ပြောင်းလဲသွားသည်။ မိမိအား မကြာမီကမှ အနိုင်ယူခဲ့သူ လူစိမ်းတစ်ဦးအား မေတ္တာထားလာစေနိုင်သည်။"

စိတ်နှလုံးကို ဖွင့်ဟပြီး မိမိ၏ကိုယ်ပိုင်အမြင်ကိုကျော်၍ အခြားသူများ၏ နာကျင်မှု၊ ကြောက်ရွံ့မှု သို့မဟုတ် မျှော်လင့်ချက်များကို ခံစားသိရှိရချိန်တိုင်းတွင် ပြုပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏စံနမူနာ အတိုင်း လိုက်လျှောက်ကာ "ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမှမပြုကြ"ဘဲ "သူတစ်ပါးသည်…

အလုံးစုံသက်သာခြင်းတို့၏အရှင်

နာလန်မထူလာနိုင်လောက်အောင် ဖျားနာနေသည်ဟုယူဆလျက် သူ့သခင်က သူ့အား တိရိစ္ဆာန်ဂေဟာ၌ စွန့်ပစ်ခဲ့စဥ်က ရာဒါမီန်းစ်သည် ကြောင်ပေါက်စလေး မျှသာ ရှိသေးသည်။ ၎င်းကို တိရိစ္ဆာန်ဆေးကုဆရာဝန်က ကျန်းမာလာအောင် ပြုစုစောင့်ရှောက်မွေးမြူခဲ့သည်။ ကြောင်လေးသည် ထိုဂေဟာတွင် အမြဲတမ်း နေထိုင်သူဖြစ်လာခဲ့ပြီး ယခုအခါတွင် သူ၏နွေးထွေးသော အဖော်ပြုမှုနှင့် သိမ်မွေ့သောမြည်သံသဲ့သဲ့အားဖြင့် ယခုမှခွဲစိတ်ပြီးသော (သို့) နာမကျန်းဖြစ်ရာမှ နာလန်ထခါစ ကြောင်နှင့်ခွေးများအား "နှစ်သိမ့်ပေး"လျက် ရှိတော့သည်။

ဤအဖြစ်အပျက်သည် ချစ်ကြင်နာသောဘုရားသခင်က ကျွန်မတို့အတွက် ပြုပေးသောအရာနှင့် ကျွန်မတို့က အခြားသူများအတွက် အတုံ့အလှည့်အဖြစ် ပြုပေးနိုင်သောအရာကို ဖော်ပြသည့် ပုံရိပ်လေးဖြစ်သည်။ ဖျားနာနေစဥ်နှင့် ကြိုးစားရုန်းကန်ရစဥ်တွင် ဘုရားသခင်သည် ကျွန်မတို့အား ဂရုစိုက်စောင့်ရှောက် ပေးပြီး သူ၏မျက်မှောက်တော်အားဖြင့် စိတ်ငြိမ်သက်ခြင်းကို ရစေသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်တွင် ရှင်ပေါလုက ဘုရားသခင်ကို "သနားခြင်း ကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်"ဟု ခေါ်သည်။ စိတ်ဓာတ် ကျပြီး စိတ်ပျက်အားငယ်စဥ် (သို့) ညှဥ်းဆဲနှိပ်စက်ခံရစဥ်တွင်…

ဆက်ဆံရခက်သူများ

လူစီဝေါ့စလေသည် ဗြိတိသျှသမိုင်းပညာရှင်နှင့် တီဗွီအစီအစဥ်တင်ဆက်သူ ဖြစ်သည်။ နာမည်ကျော် ပုဂ္ဂိုလ်အများစုကဲ့သို့ပင် သူမသည်လည်း ရိုင်းစိုင်းသောစာများကိုရလေ့ရှိသည်။ သူမစကားပြောရာတွင် "r" အသံ များကို "w" အသံများ ဟု ထင်ရစေသည့် အနည်းငယ် လေလုံးမကွဲမှုနှင့် ပတ်သက်၍ ရရှိခြင်းဖြစ်သည်။ လူတစ်ဦးက "လူစီရေ၊ ကျနော်ဒဲ့တိုးပဲပြောမယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့လေးတွဲ့တွဲ့ စကားပြောပုံကို ပြင်ပါဗျာ။ ဒါမှမဟုတ် ခင်ဗျား ဖတ်ရမယ့် စာသားတွေထဲကနေ "r" စာလုံးတွေကို ထုတ်လိုက်။ ခင်ဗျားရဲ့ ရုပ်သံဇာတ်လမ်းတွဲကိုကြည့်ရင်း စိတ်ညစ် လွန်းလို့ ပြီးအောင်တောင် မကြည့်နိုင်ဘူး။ မေတ္တာဖြင့် - ဒါရန်"ဟု ရေးသားခဲ့သည်။

အချို့လူများအတွက်မူ ဤကဲ့သို့စာနာစိတ်ကင်းသော ဝေဖန်ချက်ကို တန်းတူ ရိုင်းစိုင်းသော တုံ့ပြန်ချက်မျိုးဖြင့် ပြန်ချေပရန် လှုံ့ဆော်ပေးနိုင်သည်။ သို့သော်လည်း လူစီက "အိုး ... ဒါရန်၊ ရှင်က အင်တာနက်ပေါ်မှာ ကိုယ်ဘယ်သူမှန်း…